ကျွန်တော်ဘလော့ဒ်မှာနည်းပညာပဲရေးပါတယ်။ ခုတော့ ဒီတရားပွဲ တန်ဖိုးရှိလွန်းလို့တင်ထားပါတယ်။
|
||||||
|
ကျွန်တော်ဘလော့ဒ်မှာနည်းပညာပဲရေးပါတယ်။ ခုတော့ ဒီတရားပွဲ တန်ဖိုးရှိလွန်းလို့တင်ထားပါတယ်။
ပုံ – Radar gun (or) speed gun နည်းပညာအားဖြင့်မရှုပ်ထွေးပဲ အသုံးဝင်တဲ့ရေဒါအမျိုးအစားလေး အကြောင်းကို မျှဝေ လိုက်ခြင်းပဲ ဖြစ်ပါတယ်။ Radar gun ဆိုတာ Doppler radar အသေးစားလေးပဲဖြစ်ပါတယ်။ သူ့ကို အရာဝတ္ထုတွေရဲ့ အလျင်ကို တိုင်းတဲ့အခါ ၊ အထူးသဖြင့် မော်တော်ယဉ်တွေ ဘယ်အလျင်နဲ့ မောင်းနေတယ် ဆိုတာကို သိလိုတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် ဘေ့စ်ဘော၊ အပြေး စတဲ့ ရွေ့လျားနေတဲ့ ပစ္စည်းတွေ လူတွေရဲ့ အလျင်ကိုသိလိုတဲ့ အားကစားနည်းတွေမှာ လည်းသုံးပါတယ်။ Radar gun ဟာ အရာဝတ္ထုရဲ့ တည်နေရာ အနေအထားကိုမပြပါဘူး။ သူနဲ့ချိန်ပြီးပစ်လိုက်တဲ့ အရာဝတ္တု (သို့) လူရဲ့ အလျင်ကိုပဲ ထုတ်ပေးပါတယ်။ Radar gun တွေကို လက်နဲ့ကိုင်ရတဲ့ သေနတ်ပုံစံနဲ့ထုတ်လုပ်သလို ဆိုင်ကယ်၊ ကား စတဲ့ ယဉ်တွေမှာလဲတပ်ဆင်အသုံးပြုကြပါတယ်။ ဒီကနေ့ခေတ်မှာတော့ များသောအားဖြင့် Radar gun တွေကို X band (8 to 12 GHz), K band (18 to 26.5 GHz), Ku band (12 to 18GHz) , Ka band (26.5 to 40 GHz), IR Band (infrared) တွေမှာပြုလုပ်ကြပါတယ်။ Radar gun ကို သိပ္ပံပညာရှင် Bryce K.Brown က ၁၉၅၄ ခုနှစ် မတ်လမှာ တီထွင်ကြံဆခဲ့ပါတယ်။ Chicago မြို့မှာ စတင်အသုံးပြုခဲ့ပါတယ်။ ပြုလုပ်ထားပုံကတော့ ရိုးရှင်းပါတယ်။ သူ့မှာ radio transmitter နဲ့ receiver ပါရှိပါတယ်။ transmitter ကနေ radio signal ကိုလွှင့်ထုတ်ပြီး receiver ပြန်လာတဲ့ signal ကို ပြန်ဖမ်းယူပါတယ်။ သေချာတာကတော့ Doppler effect ကြောင့် ဒီ frequency နှစ်ခုဟာ ခြားနားနေမှာ ဖြစ်ပါတယ်။ ဒီခြားနားချက်ကနေ အရာဝတ္တုရဲ့ အလျင်ကိုတွက်ထုတ်သွားတာပဲ ဖြစ်ပါတယ်။ ယဉ်ထိန်းရဲများအတွက် အတော်ပဲအသုံးဝင်တာကို တွေ့ရပါတယ်။ Traffic နဲ့ဆိုင်တဲ့ Radar gun တွေဟာ ပုံစုံအမျိုးမျိုးနဲ့ထွက်ပါတယ်။ လက်နဲ့ကိုင်တွယ်ချိန်ရွယ်တိုင်းတာရတာမျိုး၊ အငြိမ်တိုင်းတာရတာမျိုး၊ မိမိယဉ်ပါ ရွေ့လျား သွားလာရင်း တိုင်းတာနိုင်တာမျိုး အစရှိသဖြင့် အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ လက်နဲ့ကိုင်တွယ် ချိန်ရွယ်တိုင်းတာရတဲ့ အမျိုးအစားတွေဟာ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အငြိမ်တိုင်းတာရတဲ့ အမျိုးအစားတွေကိုတော့ ယဉ်ထိန်းရဲကားတွေမှာတပ်ဆင်လေ့ ရှိပါပြီး antenna တစ်ခု သို့မဟုတ် နှစ်ခုပါရှိတတ်ပါတယ်။ သူတို့ဟာကားများကို ရပ်ထားပြီးတိုင်းတာလေ့ ရှိပါတယ်။ သွားလာရင်း တိုင်းတာနိုင်တဲ့အမျိုးအစားတွေကိုလည်း ယဉ်ထိန်းရဲယဉ်များတွင် တပ်ဆင်အသုံးပြု လေ့ရှိပါတယ်။ စည်းမဲ့ကမ်းမဲ့မောင်းနှင်သွားသော ယဉ်များကိုလိုက်လံဖမ်းယူရင်း တိုင်းတာနိုင်ပါတယ်။ အများကြီး အသုံးဝင်ပါတယ်။ ကျွန်တော်တို့လို ဖွင့်ဖြိုးဆဲနိုင်ငံမှာ ဒီလိုရေဒါမျိုးလေးတွေကနေ စတင်ထုတ်လုပ် အသုံးပြုမယ်ဆိုရင် သင့်တော်ပါတယ်။ သေးစိတ်သိရှိလိုလျင် http://www.radargunsblog.com/ မှာဖတ်ရှုနိုင်ပါတယ်။
ပုံ (၁) unambiguous effect Unambiguous effect ဆိုတာကို နားလည်အောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ transmitted signal ရဲ့ pulse နောက်တစ်ခုမလာခင်မှာ reflected signal ရဲ့ pulse နှစ်ခု သုံးခုကိုတွေ့နေတယ်ဆိုရင် အဲဒီ reflected signal pulse တွေထဲက ဘယ် pulse ကိုရွေးချယ်ရမယ် ဆိုတာ ရှုပ်တွေးပြီး ဒွိဟဖြစ်စေပါတယ်။ ပိုရှင်းအောင်ကျွန်တော်ပုံနှင့်တကွ ထပ်ရှင်းပါအုံးမယ်။ ပုံ(၁) မှာကြည့်ပါ။ အစိမ်းရောင်နဲ့ ပြထားတဲ့ signal ဟာ transmitted signal ဖြစ်ပြီး အပြာရောင်နဲ့ ပြထားတာဟာ received signal ပါ။ signal မှာ 1 , 2 , 3 ဆိုတဲ့နံပါတ်လေးတွေက pulse တစ်ခုချင်းဆီရဲ့ နံပါတ်တွေပါ။ transmitted signal ရဲ့ first pulse (1) အစိမ်းရောင် က တားကဒ်ကိုထိပြီး ပြန်လာတဲ့ အပြာရောင် received signal ကို (1) နဲ့ ပဲပြန်ပြထားပါတယ်။ နောက်ကနံပါတ်တွေလည်းအလားတူပါပဲ။ အဲဒီလိုပြန်ဖမ်းမိတဲ့ခါ လွှင့်ထုတ်တဲ့ transmitted signal မှ ဒုတိယ pulse ကိုမရောက်သေးဘူး ပြန်ဖမ်းမိတဲ့ကောင်တွေက နှစ်ခုသုံးခုဖြစ်လာတဲ့ခါ (အပေါ်ပုံ) ဘယ် pulse ကြောင့် ဘယ် pulse ပြန်လာတယ်ဆိုတာကို မရွေးနိုင်ဘူးဖြစ်သွားပါတယ်။ ခုပုံမှာကျွန်တော်က 1 , 2, 3 … တပ်ပေးထားလို့ 1 က 1 ကြောင့် ပြန်လာတယ်လို့သိတာကိုး။ နောက်တစ်ခုက signal ရဲ့ အစလိုမျိုးမှာကြည့်တာဖြစ်နေလို့ ပထမဆုံးလွှင့်လိုက်တဲ့ pulse ကရိုက်လို့ ပြန်လာတဲ့ဟာက ပထမဆုံးဖမ်းမိတဲ့ pulse ပဲလို့ခန့်မှန်းလို့ရတာလေ။ တကယ်လက်တွေ့ မှာက တစ်ချိန်လုံးလွှင့်ထားပြီးဖမ်းနေတာ။ တားကဒ်မရှိရင် ဘာမှပြန်မဖမ်းမိဘူး။ စတွေ့ပြီဆိုတာနဲ့ ဆက်တိုက်မိတော့တာ။ စပြီးဖမ်းမိတဲ့ received signal pulse ဟာ ဘယ် transmitted signal ရဲ့ ဘယ် pulse ကြောင့်ပြန်လာဟာလဲဆိုတာကို မသိနိုင်ဘူးဖြစ်သွားပါတယ်။ အဲလိုမသိတာကို သိအောင်လုပ်ရမယ်။ ဘယ်လိုလုပ်သလဲဆိုတော့ transmitted signal ရဲ့ period ( T ) ကိုရွေးချယ်ပါတယ်။ ဘယ်လိုဖြစ်အောင် ရွေးချယ်သလဲဆိုတာ ကျွန်တော်ဆက်ပြောပါ့မယ်။ ပြန်လာတဲ့ reflected ( received ) signal ဟာ t=2R/c ချိန်ကျမှ ပြန်မိတာမဟုတ်လား။ အဝေးဆုံးမှာရှိတဲ့ တားကဒ်ကိုရိုက်ပြီးပြန်လာမယ့် signal ဟာ အချိန်အကြာဆုံးမှမိမှာပဲ။ အဲတော့ အဲဒီအချိန်ကို တွက်လိုက်တယ် ။ t= 2Rmax/c ပေါ့။ အဲလိုရတယ့်အချိန်ထက် transmitted signal ရဲ့ period ကိုကြီးအောင်ရွေးချယ်ထားပါတယ်။ T > t ။ ဒါဆိုရင်ခုဏလိုမဖြစ်တော့ပဲ received signal ရဲ့ ပထမဆုံး pulse ဟာ သူဖြစ်ပေါ်လာစေဖို့ လွှင့်ထုတ်လိုက်တဲ့ transmitted signal pulse နောက်မှာ ပဲပေါ်တော့မှာပါ။ အောက်ပုံမှာကြည့်ပါ။ တနည်းပြောရရင် received signal pulse ဟာ သူ့ ရှေ့ မှာလွှင့်ထားတယ့် transmitted signal pulse ကြောင့်ဆိုတာသေချာသွားပါပြီ။ ဒီလိုဖြစ်အောင် လုပ်ထားတာလေးကို unambiguous effect လို့ခေါ်တာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့် မှတ်ရမှာကတော့ signal ရဲ့ period ကိုရွေးချယ်တဲ့ခါ ဒီ unambiguous effect ကိုစဉ်းစား ရွေးချယ်ရတယ်ဆိုတာပဲဖြစ်ပါတယ်။
Frequency radio range finders with nonsymmetrical linear frequency modulation မှာတုန်းက ကျွန်တော်တို့ Doppler effect ကိုထည့်မစဉ်းစားထား သေးတဲ့ အတွက် ရွေ့နေတဲ့ target တွေရဲ့ range ကိုရှာလို့မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်နေတဲ့ target တွေရဲ့ range တွေကိုတော့ တိတိကျကျတွက်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခု တော့ကျွန်တော်တို့ Doppler effect ကိုထည့်စဉ်းစားထားပါပြီ။ သူ့ကြောင့် reflected signal မှာဖြစ်လာမယ့် beat frequency ဟာ ပုံမှာပြထားတဲ့အတိုင်းရိုးရှင်းလှပါတယ်။ တကယ်လို့သာ Doppler မရှိခဲ့ဘူးဆိုရင် signal ကို symmetrical linear frequency modulation လုပ်ထားတာမို့ beat frequency ဟာတစ်ဘက်နှင့် တစ်ဘက် ညီနေမှာဖြစ်ပါတယ်။ ဒါပေမယ့် Doppler ပါလာတဲ့အခါ beat frequency ဟာ ပုံမှာပြထားသလို beat frequency (1) နှင့် beat frequency (2) ဆိုပြီး နှစ်ခုဖြစ်လာပါတယ်။ အဲဒီမှာ တစ်ခုက Doppler effect ကြောင့် နည်းနေပြီး တစ်ခုကတော့ Doppler effect ကြောင့်ပဲ ပိုများနေပါတယ်။ အဲလိုလေးဖြစ်နေတာကနေ beat frequency ကော Doppler frequency ကော တွက်ထုတ်ထားပါတယ်။ beat frequency ရပြီဆိုရင် Frequency radio range finders with nonsymmetrical linear frequency modulation တုန်းကလိုပဲ ကျွန်တော်တို့ ရည်မှန်းချက် target ရဲ့ အကွာအဝေးကိုလွယ်လင့်တကူ တွက်ထုတ်နိုင်ပြီဖြစ်ပါတယ်။ ဒီ system မှာတော့ ကျွန်တော်တို့ ရည်မှန်းချက် target ဟာ ရွေ့နေသည်ဖြစ်စေ ရပ်နေသည်ဖြစ်စေ သူ့ရဲ့ အကွာအဝေးကို တိုင်းတာ တွက်ထုတ်နိုင်ပြီးဖြစ်ပါတယ်။
ဒီ system ဟာ linear frequency modulation ကို အခြေခံပြီး စဉ်းစားထားတာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပေမယ့် တော်တော်လေးသဘောကျဖို့ကောင်းပါတယ်။ linear frequency modulation မှာ frequency ဟာ တသတ်မှတ်တည်းမဟုတ်ပဲ တောက်လျောက်ကျချင်ကျသွားမယ် ၊ တက်ချက်တက်လာမယ်ဆိုတာ သိပြီးသားဖြစ်ပါ လိမ့်မယ်။ ပုံ (၁-က) မှာလိုပေါ့။ အဲဒီလိုဖြစ်နေတဲ့ properties လေးကို အခြေခံထား ပါတယ်။ တစ်ကယ်လို့သာကျွန်တော်တို့ အသုံးပြုတဲ့ signal ဟာ တစ်သတ်မှတ် ထဲဖြစ်မယ်ဆိုရင် ( linear frequency modulation မဟုတ်ခဲ့ရင် ) ခုလို frequency နှစ်ခုရဲ့ ခြားနားချက်ကို ရှာလို့မရပါဘူး။ ဒါမဲ့ တကယ့်လက်တွေ့မှာတော့ ပုံ (၁-က) တုန်းကလို့ signal မျိုးဘယ်လိုမှထုတ်လို့မဖြစ်နိုင်ပါဘူး။ oscillator ကမထုတ်နိုင်သလို transmitter ၊ receiver တွေမှာလဲ အကန့်အသတ် limitation တွေရှိပါတယ်။ ဒါကြောင့် frequency radio range finders တွေမှာ ပုံ (၁-ခ) မှာပြထားတဲ့အတိုင်း nonsymmetrical linear frequency modulation ၊ symmetrical linear frequency modulation နဲ့ harmonic linear frequency modulation signal တွေကိုသာအသုံးပြုကြပါတယ်။
ကျွန်တော်တို့ ဖမ်းမိတဲ့ signal ဟာ လွှင့်ထုတ်လိုက်တဲ့ signal နဲ့ယှဉ်မယ်ဆိုရင် အချိန် အတိုင်းအတာတစ်ခု နောက်ကျနေပါလိမ့်မယ်။ အဲလို အချိန်တစ်ခု နောက်ကျ ရတာဟာ target ကိုသွားထိပြီး ပြန်လာရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီကြောင်းကို radio range finder အကြောင်းပြောတုန်းက ပြောခဲ့ပြီးပါပြီ။ အဲတော့ အဲဒီအချိန်ဟာ ကျွန်တော်တို့ လိုချင်တဲ့ range ပါပဲ။ အဲဒီအချိန် ကို frequency နှစ်ခုခြားနားထားတဲ့ beat frequency ( fd ) ကနေတွက်ထုတ်ယူနိုင် ပါတယ်။
အဲတော့ ဘယ် td ကိုရွေးရမလဲဆိုတာပြသနာဖြစ်လာပါတယ်။ ဒါကြောင့် ဒီ system မှာ Tm ≫ tdmax ဖြစ်အောင်လုပ်ထားပါတယ်။ အနည်းဆုံး ဆယ်ဆလောက် ပိုကြီးအောင် လုပ်ထားပါတယ်။ ဒီတော့ graph နှစ်ခုဖြတ်ပြီး နောက်ပိုင်းမှရလာတဲ့ td ကိုယူစရာမလို တော့ဘူးပေါ့။
ဒီလိုဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ beat frequency ကိုရပြီဖြစ်တဲ့အတွက် range ကိုတွက်ထုတ်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။ ဒီ system ဟာ ရွေ့နေတဲ့ target တွေရဲ့ range ကိုတော့ရှာလို့မရသေးပါဘူး။ Doppler ဆိုတာကြီးကိုထည့်မစဉ်းစားထား သေးတဲ့ အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်နေတဲ့ target တွေရဲ့ range တွေကိုတော့ တိတိကျကျ တွက်ထုတ်နိုင်ပြီဖြစ်ပါတယ်။ radar system with symmetrical linear frequency modulation ကျရင်တော့ ရွေ့နေတာကော ငြိမ်နေတာကော အားလုံးရဲ့ range ကို တိုင်းတာတွက်ထုတ်လို့ရမှာဖြစ်ပါတယ်။ အချိန်ရရင်ရသလို ကျွန်တော်တင်ပြ ပေးသွား ပါမယ်ခင်ဗျာ။ Radar system တစ်ခုမှာ target ရှိမရှိဆိုတာသိရုံနဲ့ မလုံလောက် သေးပါဘူး။ အဲဒီ target ရဲ့ အကွာအဝေး ၊ အလျင် ၊ ထောင့် စတာတွေကိုအတိအကျတိုင်းတာ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒီ target ရဲ့ တည်နေရာ ၊ လုပ်ဆောင်မှု နဲ့ ရည်ရွယ်ချက် ကိုတိတိကျကျပြောနိုင်မှာဖြစ်ပါတယ်။ ပထမဦးစွာ အကွာအဝေးတိုင်းတာခြင်းအပိုင်း ကနေ စတင်ရအောင်။ t=2R/c ; ဒီအခြေခံဖော်မြူလာလေးကနေတွက်ထုတ်သွားတာပဲဖြစ်ပါတယ်။ ဖော်မြူလာ လေးက ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ signal တစ်ခုကိုလွှင့်ထုတ်လိုက်တဲ့အချိန်ကနေ ပြန်မိတဲ့ အချိန်ကြားက time taken လေးကိုတွက်ထားတာပါ။ signal ပြန်ရောက်ဖို့ဆိုရင် အသွားကောအပြန်ကောလိုတာမို့ 2R ဖြစ်နေတာပါ။ R က ကျွန်တော်တို့ ရေဒါနဲ့ target ကြားကအကွာအဝေးပါ။ ကျွန်တော်တို့ရေဒီယိုဝေ့ဖ်တွေဟာ အလင်းအလျင် နီးပါးနဲ့ သွားတာမို့ c နဲ့ပြန်စားထားတာပါ။ ဒီတော့ ဒီဖော်မြူလာလေးမှာ reflected signal ရဲ့ time delay ကိုသာသိရင်ကျွန်တော်တို့ range ( R ) ကိုသိပြီပေါ့ဗျာ။ ဒီလို time delay ကိုရှာတဲ့အခါ နည်းအမျိုးမျိုးနဲ့ရှာကြပါတယ်။ ဒါကြောင့်အောက်ပါအတိုင်း radio range finders များကိုအမျိုးအစားခွဲခြားနိုင်ပါတယ်။ ၁။ frequency radio range finders ၊ ၂။ phase radio range finders ၊ ၃။ impulse radio range finders ၊ ၄။ radio range finders with complex signals ။ ဒီ range finders တွေကို ကျွန်တော်အချိန်ရရင် ရသလို ရေးသွားမှာဖြစ်ပါတယ် ခင်ဗျာ။
ပုံ(၁) blog diagram of a radar with moving target system ဆက်ကြရအောင်ဗျာ။ Mixer 3 ကနေထွက်လာတဲ့ reference signal ကို phase detector 1 နဲ့ 2 ထဲကိုထည့်ပါတယ်။ တစ်လိုင်းကိုတိုက်ရိုက်ထည့်ပေမယ့် တစ်လိုင်း ကိုတော့ phase inverter နဲ့ phase ၉၀ ဒီဂရီချိန်းပြီးမှထည့်လိုက်ပါတယ်။ အဲဒီတော့ တစ်လိုင်းက sin( ω o – ω local oscillator ) တစ်လိုင်းက cos( ω o – ω local oscillator ) ပေါ့။ phase detector ရဲ့အဓိကအလုပ်ကတော့ phase ခြားနားချက်ကိုရှာပေးတာပါ။ signal နှစ်ခုသူ့ထဲကိုထည့် လိုက်တယ်။ အဲဒီ့ signal နှစ်ခုရဲ့ phase ခြားနားချက်ရှိတဲ့ resultant signal ကိုထုတ်ပေးတာပါ။ phase detector အထွက်ဘယ်လို ထွက်တယ်ဆိုတာကို အောက်ကပုံမှာ vector diagram နဲ့ကော time domain မှာကော ပြထားပါတယ်။
ပုံ(၂) output signal from phase detector where… Vr – resultant vector , Vre – vector of reference signal , Vc – vector of usefull signal , Vd – out put signal from phase detector ။ Phase dector ကိုဘာလို့သုံးသလဲဆိုတော့ ကျွန်တော်တို့ system က moving target system မဟုတ်လား။ ကျွန်တော်တို့ရဲ့ target ဟာရွေ့နေမှာလေ။ ဒီလိုဆိုသေချာပေါက် Doppler effect ပါလာပြီပေါ့။ ဒါပေမယ့် passive jamming ကတော့ ရွေ့လျားနေတာ မဟုတ်တဲ့အတွက် သူတို့ကိုထိပြီးပြန်လာတဲ့ reflected signal မှာ Doppler effect ပါမလာပါဘူး။
ပုံ(၃) functional diagram of rejector filter Rejector filter ရဲ့ functional diagram ကို ပုံ(၃) မှာပြထားပါတယ်။ သူရဲ့အလုပ်ကတော့ ၀င်လာတဲ့ signal ကို period တစ်ခုရွှေ့ပြီး ရွှေ့မထားတဲ့ signal ထဲကနှုတ်ပေးပါတယ်။ ပုံ(၆)မှာ b(t) နဲ့ f(t) ဟာ phase detector နှစ်ခုကထွက်လာတဲ့ signal တွေကို period တစ်ခုရွှေ့ထားတဲ့အနေအထားပါ။ အဲလိုနှုတ်လိုက်တဲ့အခါ jamming တွေကို ရိုက်ပြီးပြန်လာတဲ့ signal ဟာ အားလုံးနီးပါးတစ်ခုကနေတစ်ခု နှုတ်ပြီး ကျေသွားပါတယ်။ ပုံ(၄) မှာကြည့်ပါခင်ဗျာ။
ပုံ(၄) output signal of rejector filter , reflected from the passive jamming rejector filter ကဒီ system မှာအဓိကအကျဆုံးလို့ပြောလို့ရပါတယ်။ သူ့ရဲ့ transfer function နဲ့ jamming ရဲ့ spectrum နဲ့ ကိုတွဲကြည့်လိုက်ပါ။ ဘယ်လိုဖြတ်ထုတ် လိုက်သလဲဆိုတာ ရှင်းသွားပါ လိမ့်မယ်။
ပုံ(၅) transfer function of rejector filter and spectrum diagram of jamming နောက်ပိုင်းကတော့ သိပ်ခက်ခက်ခဲခဲမရှိ တော့ပါဘူး။ ခါတိုင်းတွက်ထုတ်နေကြ ပုံစံအတိုင်းပါပဲ။ rejector filter ကထွက်လာတဲ့ signal ကို နှစ်ထပ်တင် ၊ channel နှစ်ခုမို့ ပြန်ပေါင်း ၊ square root ရှာ ၊ ထွက်လာတဲ့ signal ရဲ့ အင်နာဂျီကို integrator ကနေ အင်တီဂရိတ်လုပ်ပြီး သတ်မှတ်ထားတဲ့ threshold နဲ့ဖြတ် ။ ဒီလိုဖြတ်ကြည့်လို့ threshold ထက်ကျော်ရင် target ရှိတယ် ၊ မကျော်ရင် target မရှိဘူးပေါ့။ ဒါပါပဲ။ ပုံ(၆) မှာ သူ့ အမှတ်နဲ့သူထွက်လာမဲ့ signal တွေကိုဆွဲပြထားပါတယ်။ ဒီ moving target system against the background of passive jamming နဲ့ပတ်သတ်ပြီး calculation တွေ estimation အပိုင်းတွေလေ့လာလိုရင် ကျွန်တော့် ဂျီမေးလ်ကနေတဆင့် တောင်းယူနိုင်ပါတယ် ။ အဆင်ပြေပြေလေ့လာနိုင်ကြပါစေခင်ဗျာ…
ပုံ(၆) အမှတ်တစ်ခုချင်းဆီတွင်ထွက်သော signal ပုံစံများ
ပုံ(၁) blog diagram of a radar with moving target system ကျွန်တော်တို့ passive jamming တွေရဲ့နှောင့်ယှက်မှုကိုပယ်ဖျက်နိုင်တဲ့ ရေဒါစနစ် တစ်ခုကိုအသေးစိတ်လေး လေ့လာကြည့်ရကြရအောင်။ transmitter ပိုင်းကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထွေထွေထူးထူးမရှိပါဘူး။ အားလုံး သိထားကြတဲ့အတိုင်း master oscillator ဟာ radio frequency oscillation အတွက် အဓိက source ပါပဲ ။ ဒါကြောင့် master oscillator ကနေ ကိုယ်လိုအပ်တဲ့ stability ဖြစ်တဲ့ frequency ကို လိုအပ်တဲ့ range အတွင်းထုတ်ပေးပါလိမ့်မယ်။ synchronized လုပ်ချင်တဲ့ frequency ကိုရအောင် divisor ကနေလျော့ချ၊ Synchronizer ထဲကိုထည့်ပြီး စနစ်တစ်ခုလုံးကို synchronized လုပ်ထားပါတယ်။ master oscillator ကနေထုတ်ပေးလိုက်တဲ့ frequency ဟာ ကျွန်တော်တို့လိုအပ်တဲ့ RF မဟုတ်သေးဘူး ၊ အရမ်းနည်းနေသေးတယ် ဆိုရင် Multiplier အသုံးပြုပြီးကိုယ်လိုအပ်တဲ့ frequency ထိရောက်အောင် မြှင့်တင်ပေးပါတယ်။ ဥပမာ – ကျွန်တော်တို့ oscillator ကနေ 200 MHz လောက်ထုတ်ပေးတယ်ဆိုပါဆို့။ ကျွန်တော်တို့ လွှင့်မယ့် RF က 10 GHz လောက်ရှိတယ်ဆိုရင် အဆငါးဆယ်လောက်တင်လို့ရမယ့် Multiplier အသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့ frequency ရအောင်လုပ်တဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ mixer သုံးပြီး filter နဲ့ပြန်ဖြတ်ယူတာမျိုးလည်းရှိပါ တယ်။ ကိုယ်အသုံးပြုမယ့် frequency ရပြီးတဲ့နောက် modulation လုပ်ပါတယ်။ ထွက်လာတဲ့ modulated signal ရဲ့ ပါဝါကို power amplifier နဲ့တင်ပေးပြီး လွှင့်ထုတ်လိုက်ပါတယ်။ ဒါဆိုရင် transmitter အပိုင်းကိုအကြမ်းဖျဉ်း အနေနဲ့ ပြီးပြီလို့ ပြောလို့ရပါတယ်။ ဒီမှာကျွန်တော်တို့ အန်တန်နာ တစ်ခုပဲအသုံးပြုထားပါတယ်။ ဒီလိုဆိုရင် သေချာပေါက် antenna switch (antenna changer) ကိုအသုံးပြုရပါမယ်။ အန်တန်နာကို နှစ်ခုအသုံးပြုချင်ရင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် အီကိုနော်မီအရ ဖြစ်နိုင်မယ်ဆိုရင် အန်တန်နာတစ်ခုပဲတပ်ဆင်ပြီး antenna switch ရဲ့အကူအညီနဲ့ transmitter တစ်လှည့် receiver တစ်လှည့် အသုံးပြုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်လို့ပြောရတာက တစ်ချို့ system မှာ အန်တန်နာနှစ်ခုကို သုံးမှကိုဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။ Mixer 1 ကဘာလုပ်သလဲ။ ကျွန်တော်တို့ receiver ထဲမှာ radio frequency လောက်ကြီး မြင့်တဲ့ frequency နဲ့အလုပ် မလုပ်နိုင်ပါဘူး။ Mixer 1 က ကျွန်တော်တို့အလုပ်လုပ်မယ့် intermediate frequency ကိုလျော့ချပေးပါတယ်။ ဘယ်လိုလျော့သလဲဆိုရင် လွယ်လွယ် လေးပါ။ တကယ်က frequency Mixer ဆိုတာက multiplier တစ်ခုပါပဲ။ သူ့အလုပ်က frequency နှစ်ခုကိုမြှောက်မှာပါ။ ပြီးရင် အဲဒီနှစ်ခုရဲ့နှုတ်လဒ် ဒါမှမဟုတ် ပေါင်းလဒ်ကို filter နဲ့ဆစ်ထုတ်ပါတယ်။ အကြမ်းဖျဉ်းပေါ့နော်။ မြှောက်တယ်လည်းပြောသေးတယ် နှုတ်လဒ်တွေ ပေါင်းလဒ်တွေပြောနေတယ်ဖြစ်နေမလားမသိဘူး။ reference signal ကို phase တူတာပေးတာမို့ အဲဒါလေးတွေ ထွက်လာပါတယ်။ trigo အရပါ။ equation လေးကြည့်လိုက်ရင်ရှင်းသွားမှာပါ။ ၀ီကီပီးဒီးယား မှာရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ http://en.wikipedia.org/wiki/Frequency_mixer ဒီလင့်လေးမှာဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့အခု အခြေအနေမှာ ၀င်လာတဲ့ frequency က အမြင့်ကြီး။ လျော့ချရမယ်။ 10 GHz ၀င်လာတယ်ဆိုပါစို့ရဲ့။ ကျွန်တော်တို့က 500 MHz လောက်ထိလျော့ချမယ်ဆိုတော့ နှုတ်ပစ်ရမယ်။ 10 GHz ထဲက reference signal ကိုနှုတ်ရင် 500 MHz ရအောင်နှုတ်မယ်ဆိုတော့ reference signal ရဲ့ frequency က 9.5 GHz ရှိကိုရှိရမယ်။ အဲတော့ ကျွန်တော်တို့ Local oscillator ကနေ 9.5 GHz ရှိတဲ့ reference signal ကို Mixer 1 ထဲထည့်ပြီး ရတဲ့ frequency နှုတ်လဒ်ကို filter နဲ့ဆစ်ထုတ်လိုက်ရင်ရပြီပေါ့။ အဲဒီအလုပ်လုပ်မဲ့ frequency ကို intermediate frequency လို့ခေါ်ပါတယ်။ ဟုတ်ပါပြီ။ Mixer 1 ကတော့ဟုတ်ပါပြီ။ Mixer 2 နဲ့ 3 ကဘာလုပ်သလဲဆိုတာကို ဆက်လိုက်ကြရအောင်။ ကျွန်တော်တို့ transmitter ကနေထုတ်လိုက်တဲ့ signal ကသိပြီးသားဖြစ်လို့ (ကိုယ်လွှင့်ထုတ်လိုက်တာပဲ ၊ကိုယ်သိတာပေါ့ passive jamming ရှိနေတဲ့ အခြေအနေမှာပဲဆက်စဉ်းစားကြမယ်နော်။ signal ရဲ့ parameter တွေ အားလုံးသိတယ်ဆိုပါစို့။ အဲဒီအခြေအနေမှာ optimal processing ကတော့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ပြီးထားတာပါပဲ။ ဒါဆို ဘာကြောင့်အဲလိုလုပ်ထားတာက optimal processing ဖြစ်ရသလဲဆိုတာသိဖို့လိုလာပြီပေါ့။ passive jamming တွေရဲ့ spectrum ကို ရှေ့ပို့စ်မှာ ကျွန်တော်ဆွဲပြထားပါတယ်။ Passive jamming ရဲ့ fluctuation spectrum ဟာ Gaussian curve ဖြစ်ပါတယ်။ white noise လို flat spectrum မဟုတ်ပါဘူး။ ကျွန်တော်တို့ရေဒါစနစ်တွေ အားလုံးမှာ white noise ကအမြဲရှိတာမို့ ရှိသမျှ detection စနစ်တွေကို white noise ကိုဆန့်ကျင်အောင် ဒီဇိုင်းဆွဲ ထားပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ passive jamming ရဲ့ sepctrum မှာသာ white noise မှာလို flat spectrum ရှိမယ်ဆိုခဲ့ရင် ဇာတ်လမ်းကအဲမှာတင်ပြတ်ပြီမဟုတ်လား။ အဲတော့ ကျွန်တော်တို့ passive jamming ရဲ့ sepctrum ကို flat spectrum ဖြစ်အောင်လုပ်ဖို့ လိုလာပါတယ်။ ရှင်းအောင်ပြောရရင် passive jamming ကို white noise ဖြစ်အောင်လုပ်တဲ့ သဘောပေါ့။ အဲလိုလုပ်ဖို့ whitening filter နဲ့ matched filter ကို circuit မှာ series ချိတ်ရတာပါပဲ။ ဒါပေမယ့် တကယ်တမ်း circuit တည်ဆောက်တဲ့အခါကျတော့ technology အခက်အခဲကြောင့် တည်ဆောက်ရတာအလွန်ခဲယဉ်းနေပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ frequency မှာဒီ filter တွေလုပ်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့မှာ ဒီ optimal processing circult ကိုအသုံးမပြုပဲ quasi-optimal circuit ကိုပဲအသုံးပြုကြရပါတယ်။
ပုံ (၁) block diagram of quasi-optimal detector with coherent accumulative filter Continue reading Signal processing algorithm against the passive jamming Passive jamming တွေရဲ့ intensity ဟာ လှိုင်းအလျား ၊ signal ရဲ့ polarization ၊ ကျွန်တော်တို့ရေဒါနဲ့ jamming နဲ့ တည်ရှိနေတဲ့ angle၊ ပြီးတော့ passive jamming ရဲ့ ဓာတု – ရူပအရည်အသွေး ပေါ်မှာမူတည် နေပါတယ်။ ဒီ passive jamming တွေထဲမှာမှ ကျွန်တော်အခုအဓိက လေ့လာချင်တာက chaff cloud ( dipole ရှိသော သတ္တုချောင်းကလေး များ တိမ်တိုက်ကဲ့သို့ စုဝေး နေသော အစုအဝေး ) တွေအကြောင်းပဲ ဖြစ်ပါတယ်။ chaff jamming လို့လည်းခေါ်လေ့ရှိပါတယ်။ အဲတော့ chaff jamming တွေရဲ့ intensity ပေါ့ဗျာ။
Chaff cloud ထဲမှာပါရှိတဲ့ dipole သတ္တုချောင်းလေးတွေဟာ λ/2 အလျား ရှိပါတယ်။ ဒီကောင်တွေအတွက် သီးသန့် calculation လုပ်မထားတဲ့ရေဒါမှာဆိုရင် အဲဒီ dipole လေးတွေတစ်ခုချင်းဆီဟာ ကျွန်တော်တို့ reciver မှာ target တစ်ခုချင်းဆီအနေနဲ့လာပေါ်အောင်အထိ သူ့ကိုထိမှန်ပြီးပြန်လာတဲ့ signal က strong ဖြစ်ပါတယ်။ အဲဒီလို λ/2 အလျားရှိတဲ့ dipole လေးတွေကို လေထဲကိုဖြန့်ကျဲပစ်လေ့ရှိပါတယ်။ ရေဒါကမဖမ်းမိစေချင်တဲ့ လေယာဉ်လာမဲ့လမ်းကြောင်းမှာပေါ့ဗျာ။ အဲလိုလုပ်လိုက်ရင် receiver မှာက တားကတ်တွေ အများကြီးကို ဖြစ်သွားရောဗျာ။ အဲဒီလိုဖြစ်သွားတဲ့ အခြေအနေမှာရေဒါတွေက တားကတ်ကို သီးခြားပြန်မြင်ရအောင် လုပ်ထားတဲ့စနစ်တွေရှိပါတယ်။ အဲဒီစနစ်တွေအကြောင်းကို ကျွန်တော် ရေးချင်လို့လည်းခုလို dipole လေးတွေရဲ့ intensity ကိုဘယ်လို တွက်လေ့ ရှိကြလဲ ဆိုတာကိုအရင်ပြောတာပါ။ dipole တစ်ခုရဲ့ scattering cross-section ဟာ
Average angle အတွက်ကတော့
အဲတော့ dipole တစ်ခုချင်းဆီကနေမှတဆင့် dipole အရေအတွက်ကို သိမယ်ဆိုခဲ့ရင် dipole တိမ်တိုက်တစ်ခုလုံးမှာရှိတဲ့ dipole အားလုံးရဲ့ intensity ကိုတွက်လို့ရပါပြီ။
η – dispersion factor ဒါကတော့အရိုးရှင်းဆုံးတွက်တဲ့နည်းလမ်းလေးတစ်ခုပါပဲ။ဒုတိယ method လေးကတော့ dipole အချောင်းလေးတွေကို အထုပ်လေးတွေနဲ့ ထည့်လေ့ ရှိပါတယ်။အထုပ်တစ်ထုပ်မှာ dipole အရေအတွက် ငါးသောင်းကနေ တစ်သိန်းအတွင်းထည့်လေ့ရှိကြပါတယ်။ ငါးသောင်းကနေစလို့ ငါးသောင်း တစ်ထောင် ၊ငါးသောင်းနှစ်ထောင် အစရှိတဲ့အတိုင်း ထောင်ဂဏန်း အလိုက်တိုးတိုးသွားတတ်ပြီး အများဆုံးတစ်သိန်း အထိထည့်လေ့ရှိပါတယ်။ ဒီလို dipole ထည့်ထားတဲ့အထုပ်တွေ ကိုလေယာဉ်ပေါ်ကနေပစ်ချတာဖြစ် ပါတယ်။ ဒီလိုပစ်ချတဲ့အခါ ၁ ကီလိုမီတာကို ၁၀ ထုပ်ကနေ အထုပ် ၂၀ အထိချနိုင်ပါတယ်။ ဒါဆိုရင် ၁ ကီလိုမီတာကို dipole ဘယ်နှစ်ချောင်း ပစ်ချမလဲဆိုတာတွက်လို့ရပြီပေါ့နော်။ ဒါနဲ့တင်မပြီးသေးဘူးခင်ဗျ။ ပုံလေး ကြည့်လိုက်ပါအုံး။ ပြီးရင်ဆက်တွက်ကြတာပေါ့။
M ကိုတော့ အထုပ်တစ်ထုပ်မှာပါတဲ့ dipole အရေအတွက်ရယ် ၁ ကီလိုမီတာ မှာပစ်ချတဲ့ အထုပ်အရေအတွက်ရယ် dispersion factor ကို မြှောက်ပြီးရှာရပါတယ်။
အကွာအဝေး များတဲ့အချိန်မျိုးမှာ ဒါနဲ့တင်လုံလောက်ပါပြီ။ ဒါပေမယ့် အကွာအဝေးနီးလာတဲ့အခါမှာတော့ ပုံမှာပြထားတဲ့အတိုင်း antenna ရဲ့ diagram ကျဉ်းလာတာကြောင့် ပိုပြီးရှုပ်ထွေးလာပါတယ်။ ပုံမှာ မျဉ်းစောင်းလေး တွေချယ်ထားတဲ့အပိုင်းကိုချန်ထားရမယ်လေ။
A – Antenna
ပုံမှာမြင်တွေ့ရတဲ့အတိုင်းကျွန်တော်တို့လိုအပ်တဲ့ ထုထည်ဟာ စလင်ဒါ ပုံသဏ္ဍာန်ဖြစ်နေပါတယ်။အဲဒီ့ထုထည်ကိုအရင်ရှာထားရပါမယ်။အဲဒီ နောက် ဒီ method ရဲ့ intensity ကိုရှာလို့ရပါပြီခင်ဗျာ။
|
||||||
|
Copyright © 2010 Radar Technology for Myanmar - All Rights Reserved |
||||||